Thursday, September 6, 2007

One


ရေးမယ်ရေးမယ်နဲ့ မရေးဖြစ်ခဲ့ဘူး။ အလုပ်က မအားတာရယ်။ ဓါတ်ပုံတွေက အဆင်သင့်မဖြစ်သေးတာရယ် ကြောင့် မရေးဖြစ်ခဲ့ဘူး။ အခုတော့ အားတာရယ် ၊ နောက်ပြီး ဓါတ်ပုံတွေက လည်း အဆင်သင့်ဖြစ်တာရယ် ကြောင့် စိတ်လိုလက်ရ ရေးမယ်လို့ စိတ်ကူးမိတယ်။ အဟင်း။ ရေးမယ့် အကြောင်းကို စဉ်းစားမိတာကတော့ ပထမဆုံး တက်ခဲ့ရတဲ့ Mandalay Blog Day နေ့လေးကိုပါပဲ။ အဲဒီနေ့မတိုင်မီက ကိုလွင်ကိုလတ်နဲ့ G-Talk မှာဆုံဖြစ်တယ် လေ။ အဲဒီမှာ ကိုလွင်ကိုလတ်က ကျွန်မတို့ကို Blog Day လိုက်မလားလို့မေးတယ်။ ဒါနဲ့ ကျွန်မတို့ သူငယ်ချင်း တွေလည်း မမြင်ဘူးတော့ လိုက်မယ်လို့ ပြောလိုက် တယ်လေ။ ဒါနဲ့Blog Day ကိုလည်းရောက်ရော နေ့လည်(၁၂) နာရီလောက်မှာ ကိုလွင်ကိုလတ် နဲ့ ကိုကျန်စစ်ဘုန်း တို့လာခေါ် တယ်လေ။ အဲဒါနဲ့ သူငယ်ချင်းလေးယောက်သား လိုက်သွားပါတယ်။ ဘယ်သူနဲ့မှ လည်း မသိတော့ ကြောင် တောင်တောင်တော့ဖြစ်တာပေါ့လေ။ ဒါပေမယ့် သူငယ်ချင်းတွေကလည်း ပါနေ၊ ကိုအောင်ချမ်းလင်းတို့ ကိုကျန်စစ်ဘုန်းတို့ ကိုလွင်ကိုလတ်တို့ကလည်း ရှိနေ တယ် ဆိုတော့ နည်းနည်းတော့ တော်သေးတာပေါ့။ မကြောင်တော့ဘူးပေါ့။ နောက်ပြီး မန်းလေးဘလော့ခ်တွေကလည်း သဘောကောင်းကြပါ တယ်။ ဒါကြောင့် လည်း ကျွန်မတို့ အသက်ရှုချောင်တာပေါ့လေ။ ပျော်စရာကောင်းပါတယ်။ နောက်ပြီး ပညာ လည်းရတယ်။ ဦးဆန်းဦးတို့ ၊ ကိုအောင်ချမ်းလင်းတို့ ၊ မရတနာချို တို့ ၊ ဆရာဘ တို့ ကတက်ရောက်ပြီး သူတို့ ရဲ့ အတွေ့ အကြုံတွေ ၊ လိုအပ်ချက်တွေကို ချပြပြောကြားတယ်လေ။ လိုက်ခဲ့ရတာတန်တယ်လို့ ကျွန်မတော့ ထင်မိတယ်။ Blog Day ကို နောက်လာမယ့်နှစ်မှာလည်း မျှော်နေမယ်လို့။



Blog Day သို့ လာရောက်သော ဧည့်သည်များ



ဧည့်သည်များလက်မှတ်ထိုးရာနေရာ



ဒီခွေလေးကိုလက်ဆောင်ပေးတယ်



မရတနာချို၊ ဦးဆန်းဦး၊ ကိုအောင်ချမ်းလင်း



ဦးထိပ်



ကိုစစ်ကိုင်းနဲ့ ကိုဇော်မျိုးအောင်



မမြလွှာနဲ့S-potato



မရတနာချိုနဲ့ ဘာရှာနေမှန်းမသိတဲ့ ကိုလွင်ကိုလတ်



ကြည့်ပါဦး သူတို့က ပဲလေးတွေနဲ့



မျက်ခုံးတော့လှုပ်ပေတော့



ဘာတွေမျှော်နေတုန်း



မမနှစ်ကူး



Blog Day အပြီး ကန်မ်တင်းမှာ ထမင်းစားကြတယ်



စားခဲ့တဲ့ လက်ဖက်သုတ်ပွဲလေး




သူငယ်ချင်းတွေနဲ့အပြန်

Monday, September 3, 2007

From Kyan Sit Phone

ပြီးခဲ့တဲ့ Blog Day ကနေစပြီး ကောင်မလေးတစ်ယောက် Blog ရေးတာ တတ်ချင်တယ်လို့ပြောလာပါတယ်။ အဲဒါ နဲ့ပဲ သင်ပေးမယ်လို့ ပြောလိုက်တယ်။ ဒါပေမယ့် သူက ကျွန်တော့်ကို သင်ခိုင်းတာမဟုတ်ဘူး။ အောင်ချမ်းလင်းကို သင်ခိုင်းတာ။ နောက်တော့ အောင်ချမ်းလင်းက မအားဘူးဖြစ်နေတဲ့ အတွက် ကျွန်တော်ကပဲ သင်ပေးဖို့ ဆုံးဖြတ် လိုက်တာ။ ကောင်မလေးက တော်တော်ကို ၀ါသနာပါတယ်။ ဘာမှကို မသိဘူးတဲ့။ ကောင်းရော။ ဒါပေမယ့် ကျွန်တော် စိတ်မပျက်ပါဘူး။ ဆောင့်ကြောင့်ထိုင်ပြီး ငိုလိုက်ချင်ယုံလေးပါ။ တကယ်။ အမှန်တော့ ကျွန်တော်လည်း ဘာမှ တတ်တဲ့ကောင်မဟုတ်ဘူးလေ။ ဒါကို သင်ပေးရမယ်ဆိုတော့ သေပြီဆရာပေါ့ဗျာ။ ဘာမှ ဟုတ်ဘူး စာစမ်း ရေးကြည့်တာ။